မေးလေ့မေးထရှိသော မေးခွန်းများ

ကျွန်ုပ်တို့၏ကျန်းမာရေးဝန်ဆောင်မှုများနှင့်ပတ်သက်၍ အဖြေများကိုရှာဖွေပါ

A:

ဟုတ်ကဲ့၊ ရှိပါတယ်ခင်ဗျာ။ ဒါပေမဲ့ အရေးပေါ်လူနာတွေအတွက် လေယာဉ်ပေါ်မှာ လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာ အထောက်အပံ့တွေနဲ့ ထိုင်းနိုင်ငံဘက်က လူနာတင်ယာဉ် (Ambulance) ကြိုဆိုမှုတွေကို သေချာပြင်ဆင်ရမှာ ဖြစ်တဲ့အတွက် ကျွန်ုပ်တို့ရဲ့ Hotline ကို ချက်ချင်း ဆက်သွယ်ပေးဖို့ လိုအပ်ပါတယ်။

A:

မပိုပါဘူးခင်ဗျာ။ လူနာတွေအနေနဲ့ ဆေးရုံရဲ့ တရားဝင် သတ်မှတ်ဈေးနှုန်း (Official Hospital Price) အတိုင်းသာ ပေးချေရမှာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ဟာ ဆေးရုံရဲ့ တရားဝင် ကိုယ်စားလှယ် ဖြစ်တာကြောင့် လူနာထံကနေ အပိုကြေး (Markup) ယူခြင်း လုံးဝ မရှိဘဲ ပွင့်လင်းမြင်သာတဲ့ ဝန်ဆောင်မှုကိုသာ ပေးအပ်တာ ဖြစ်ပါတယ်။


A:

ယေဘုယျအားဖြင့် လူနာတစ်ဦးလျှင် လူနာစောင့် ၁ ဦး သို့မဟုတ် ၂ ဦးအထိ လိုက်ပါနိုင်ပါတယ်။ လေဆိပ်ကြိုပို့ယာဉ်နဲ့ ဟိုတယ်စီစဉ်မှုတွေမှာ လူနာစောင့်များအတွက်ပါ အဆင်ပြေအောင် ကျွန်ုပ်တို့အဖွဲ့က ကြိုတင်ညှိနှိုင်း စီစဉ်ပေးပါမည်။


A:

ဟုတ်ကဲ့၊ ကူညီပေးပါတယ်ခင်ဗျာ။ ဆေးရုံမှာ ရက်ရှည်တက်ရောက် ကုသဖို့ လိုအပ်တဲ့ လူနာတွေအတွက် ဆေးရုံက ထုတ်ပေးတဲ့ တရားဝင် ထောက်ခံစာ (Supporting Letter) ရရှိအောင် ကျွန်ုပ်တို့က ချိတ်ဆက်ဆောင်ရွက်ပေးပြီး ဗီဇာလျှောက်ထားခြင်း လုပ်ငန်းစဉ်တွေကို အကြံပြု လမ်းညွှန်ပေးပါတယ်။

A:

ဟုတ်ကဲ့၊ ရပါတယ်ခင်ဗျာ။ ShweThai ရဲ့ အဓိက အားသာချက်ကတော့ လူနာတွေအနေနဲ့ ထိုင်းဘတ်ငွေ ရှာဖွေရခက်ခဲတဲ့ ပြဿနာကို ဖြေရှင်းပေးထားတာ ဖြစ်ပါတယ်။ သင်ဟာ မြန်မာနိုင်ငံရှိ KBZPay သို့မဟုတ် ဘဏ်စာရင်းများမှတစ်ဆင့် မြန်မာကျပ်ငွေနဲ့ လွယ်ကူစွာ ပေးချေနိုင်ပြီး ကျွန်ုပ်တို့ရဲ့ ထိုင်းကုမ္ပဏီ (Sky Biz Hub Co., Ltd.) က ဆေးရုံသို့ ထိုင်းဘတ်ငွေနဲ့ တိုက်ရိုက် အခြေချပေးချေပေးမှာ ဖြစ်ပါတယ်။

ရလဒ်မရှိပါ

သင့်ရှာဖွေမှု သို့မဟုတ် စစ်ထုတ်မှုကို ပြောင်းလဲကြည့်ပါ

မေးခွန်းများရှိနေသေးပါသလား?

ကျွန်ုပ်တို့၏အဖွဲ့သည် သင့်အား မည်သည့်မေးမြန်းမှုများကိုမဆို ကူညီရန်အသင့်ရှိပါသည်

ဆက်သွယ်ရန်